သံဖြူဇရပ်မြို့(မူလွန်)​အောင်မင်္ဂလာ-၂ ​ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်

သံဖြူဇရပ် ဇွန် ၁၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြိူ့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာ‌ပေးဟောပြောပွဲနှင့် ပြပွဲများကို ဇွန် ၁၇ ရက် မွန်းလွဲပိုင်းက (မူလွန်)​ အောင်မင်္ဂလာ ၂ ကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သံဖြူဇရပ်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ​ဒေါ်သင်းသင်း​မော်က မူးယစ်​ဆေးဝါယအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို​ ဟော​ပြောပြီး၊ ကျောင်းအုပ်ဆရာမကြီးက ​​ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ ပြသထားသည့် နံရံကပ်စာ​စောင်တွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အ​ကြောင်းအရာများ၊ မြန်မာနိုင်ငံက​လေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အ​ကြောင်းအရာများနှင့် ဗဟုသုတရရှစေမည့် စာအုပ်များကို ပြသထားရာ​ ဟော​ပြောပွဲသို့ တက်​ရောရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှု​လေ့လာခဲ့ကြ​​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)