သံဖြူဇရပ်၌ ၂၀၂၅ ခုနှစ်အစိုးရ ပါဠိပထမပြန်စာ​မေးပွဲတွင်စာ​အောင်သံဃာ​တော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ

သံဖြူဇရပ် ဇွန် ၁၆   

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်၊ နန္ဒဝန်ကျောင်းတိုက်ကြီးတွင် ကျင်းပ ပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် သံဖြူဇရပ်မြို့နယ်စာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူကြသော စာဖြေသံဃာတော်များ၏ စူဠဘွဲ့နှင်းသဘင်ဆု‌ပေးပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်​နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာ​တော်ဘဒ္ဒန္တသီလာစာရ အမှူးရှိ​သော ဆရာ​တော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး​အောင်မိုးလွင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ YMBA အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များတက်​ရောက်ခဲ့ကြရာ၊ န​မောတသ၁ သုံးကြိမ်ရွတ်ဆိုဘုရားက​တော့၍ဖွင့်လှစ်​ပေးပြီး၊ ကျုံကဒတ်​ကျေးရွာပရိယတ္တိစာသင်တိုက် ဦးစီးပဓါနနာယကဆရာ​တော်ဘဒ္ဒန္တဦးကုသလထံမှ ငါးပါးသီလခံယူပြီး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်မိုးလွင်က သာသနာ​ရေးဆိုင်ရာများအား ​လျှောက်ထားတင်ပြသည်။

ထို့​နောက် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာ​မေးပွဲကြီးကြပ်​ရေးအဖွဲ့ဆရာ​တော်များအား နဝကမ္မအလှူ​ငွေများဆက်ကပ်လှူဒါန်းပြီး၊ ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာ​မေးပွဲ ​ဖြေဆို​အောင်မြင်​တော်မူကြ​သော စာ​အောင်ရဟန်း၊ သာမ​ဏေ၊ သီလရှင်စုစု​ပေါင်း (၂၄၄)ပါးအား ​အောင်လက်မှတ်နှင့် နဝကမ္မဝတ္ထုအလှူ​ငွေများကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့မှ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြ​ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)