ပေါင်မြို့နယ်၌ ရေထိန်းတံခါးလုပ်ငန်းလည်ပတ်မှု ကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေထိန်းတံခါးလုပ်ငန်းလည်ပတ်မှုကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၁၇ ရက်နေ့နံနက်ပိုင်းက ကျုံဟော်ကျေးရွာရှိ ရင်းငြိမ်ရေထိန်းတံခါး၌ ကွင်းဆင်းစစ်ဆေးခဲ့ရာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။