မွန်ပြည်နယ်

မွန်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသပေးနေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအားဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်းစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။ 

ရေးမြို့နယ်အတွင်း တရားမဝင် ဆင်းကတ် (SIM Card) များ နှင့် တရားမဝင် စလောင်းစက်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်အတွင်း တရားမဝင်ဆင်းကတ် (SIM Card ) များ ရောင်းချမှုမရှိစေရေးနှင့် နိုင်ငံတော်သို့ အခွန်ငွေပေးသွင်းထားမှုမရှိသော တရားမဝင် (PSI & IPM) စလောင်းစက်များ ရောင်းချမှုမရှိစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၃)သို့တက်ရောက်ရန် မော်လမြိုင်မြို့၊ နယ်မြေခံ သင်တန်း ကျောင်းတွင်ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်း ရတနာများအားမေလ ၁၇ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။

မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မော်လမြိုင် သားဖွားသင်တန်းကျောင်း ပဉ္စမအကြိမ်မြောက် ဂျူတီကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ် (မော်လမြိုင်) သားဖွားသင်တန်းကျောင်း ပဉ္စမအကြိမ်မြောက် ဂျူတီကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်း မော်လမြိုင်၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိများ၊ သင်တန်းကျောင်းမှ သင်တန်းဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်သည်။

သထုံမြို့နယ်တွင် ဆေးဝါးပစ္စည်းများနှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း ဆောက်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်များနှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်တို့အား မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်‌ကဲ‌ရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့၊ နံနက်ပိုင်းက လိုက်လံ‌ဆောက်ရွက်ခဲ့ကြသည်။

မုဒုံမြို့နယ်တွင် နွေစပါး (၁၃၇၆) ဧက ရိတ်သိမ်းခြွေလှေ့ ပြီးစီး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ချောင်းပိတ်၊ မြောင်းပိတ်နှင့် အဇင်းဆည်၊ ဝင်းဖနုံဆည်ရေများဖြင့် နွေစပါး စိုက်ဧက (၁၃၇၆)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မုဒုံမြို့၌ စံပယ်ပန်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများအဆင်ပြေ

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာများနှင့် မြို့အနီးအနားဝန်းကျင်တွင် မြေအောက်ရေစနစ်ဖြင့် တစ်ပိုင်တစ်နိုင်နွေစံပယ်များကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ် လက်တက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက လက်တက်ကျေးရွာ၌ ကွင်းဆင်းထုတ်ချေးခဲ့သည်။

မုဒုံမြို့နယ် လက်တက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေး

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက လက်တက်ကျေးရွာ၌ ကွင်းဆင်းထုတ်ချေးခဲ့ သည်။
Subscribe to မွန်ပြည်နယ်