ကျိုက်မရော၌ ဒေသခံပြည်သူများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ဆေး Pfizer ဆက်လက်ထိုးနှံ

ကျိုက်မရော ဇွန် ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကိုဗစ် -၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးအနည်းဆုံး သုံးကြိမ်ထိုးနှံပြီးသူများနှင့် လုံးဝမထိုးနှံရသေးသည့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများအား ဇွန် ၁၂ ရက်နံနက်မှ စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ၌ နေ့စဥ့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မူဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်ဇင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ အားဆေးမထိုးမီအမည်စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရှိရာ ယနေ့ကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံသူများပြားလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ချိူမြတ်မြတ်ထွေး