ကျိုက်ထို ဇွန် ၁၇
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှ(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ဇွန် ၁၆ ရက်နံနက်ပိုင်းက ကျိုက်ထိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်ထိုမြို့နယ်ပညာရေးမှူးဦးမောင်ညိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်စွာဦးက မှုခင်းကျဆင်းရေးအသိပညာပေးကိုလည်းကောင်း၊ အမှတ်(၆၂)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်စောထင်လင်းက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးကိုလည်းကောင်း၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်နိုင်ထွန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။
ထို့နောက် မှုခင်းအသိပညာပေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများနှင့်ပတ်သက်သည့် မေးခွန်းများကို မေးမြန်းရာ ဖြေဆိုနိုင်သည့်ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကာ မြို့နယ်ပညာရေးမှူးဦးမောင်ညိုက နိဂုံးချုပ်စကားပြောကြားပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများအား အသိပညာပေးမှတ်တမ်းဓါတ်ပုံများပြသ၍ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးပြည်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်စွာဦးနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ် (၆၂)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်စောထင်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်နိုင်ထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်း၊ မြို့နယ်ပညာရေးမှူးဦးမောင်ညို၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)