ဖလမ်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံ ကြေညာနှိုးဆော်ခြင်းကို ယမန်နေ့က ဌာနဆိုင်ရာများ ပူးပေါင်းကာ ဖလမ်းမြို့အတွင်း လိုက်လံအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။