ရိခေါ်ဒါရ် ဇူလိုင် ၂၀
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့ အစည်း များ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၃ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေပြည်သူ (၂၇)ဦးတို့အား စစ်ဆေးဆောင်ရွက် ခဲ့ခြင်း ဖြစ်ရာ ၎င်းတို့အနက် (၃)ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း၊ အဆိုပါ အဆိုပါ ရောဂါပိုးတွေ့ရှိသူ(၃)ဦးတို့အား ၎င်းတို့၏ နေအိမ်အသီးသီး၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိခဲ့ရာ ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိ ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေစစ်ဆေးခြင်းကို ဇွန်လ (၇)ရက်နေ့မှ ယနေ့အထိ ရောဂါစစ်ဆေးမှု ခံယူသူ (၁၈၆၉)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၃၀၀)ဦးတွေ့ရှိ၍ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာ၍ အသွားအလာ ကန့်သတ်ခြင်း ဖြေလျှော့/ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၂၇၃)ဦး၊ ရောဂါဖြင့်သေဆုံးသူ(၂)ဦးရှိရာ၊ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီး အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသူ (၂၅)ဦးရှိကြောင်း သိရသည်။
ပက်ကာ (ရိရေကန်)