ရိခေါ်ဒါရ် ဇူလိုင် ၁၇
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ဌာနဆိုင်ရာရုံးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက် များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေစစ်ဆေးခြင်းနှင့် ရောဂါကာကွယ် ရေးလုပ်ငန်းသုံး ပစ္စည်းများ လှူဒါန်းပေးခြင်းကို ယမန်နေ့က လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌာနဆိုင်ရာရုံးများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ထားမှု အခြေအနေစစ်ဆေးရာတွင် ဌာနရုံး အဝင်ပေါက် များ၌ လက်ဆေးဘေစင်များ၊ ဆပ်ပြာနှင့် လက်ဆေးရည် များ ထားရှိမှု၊ ရုံးခန်းအတွင်း ဝန်ထမ်းများ သတ်မှတ်အကွာအဝေး၌ နေရာခင်းကျင်း လုပ်ငန်း ဆောင်ရွက်မှု၊ ဝန်ထမ်းများ နှာခေါင်းစည်းနှင့် လက်ဆေးရည်များ ဆောင်ထားမှုအခြေအနေများ၊ ပြင်ပမှလာရောက် သည့်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပေးစာများ ကပ်ထားမှုနှင့် စည်းကမ်း သတ်မှတ်ထားရှိမှုများအခြေအနေများကို လှည့်လည်စစ်ဆေး ခဲ့ကြောင်း သိရသည်။
အဆိုပါ လှည့်လည်စစ်ဆေးဆောင်ရွက်ရာတွင် ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများ အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ မျက်နှာအကာ (Face Shield)နှင့် လက်ဆေးရည် (Handgel)များ ပေးအပ်လှူဒါန်း ပေးခဲ့ကြောင်း၊ ဌာနဆိုင် ရာရုံးများ လှည့်လည်စစ်ဆေးခြင်းကို ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် အတူ ရိခေါ်ဒါရ် တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာစန်းမာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး အဖွဲ့နှင့် မီးသတ်ဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပက်ကာ (ရိရေကန်)