တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးရာ ပိုးတွေ့(၄)ဦး ထပ်မံတွေ့ရှိ
ချင်းပြည်နယ် တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ သံသယလူနာများ အား ပြည်သူ့ဆေးရုံနှင့် လိုင်တွီးကျေးရွာ၌ ယမန်နေ့စုစုပေါင်း(၂၄)ဦး စစ်ဆေးရာ(၄)ဦး တွင်ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိကြောင်းသိရသည်။