ထန်တလန် ဇူလိုင် ၂၀
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ သံသယ ရှိသူ(၆၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၀)ဦးထံမှ ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။
ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခြင်းကို ဇွန်လ (၁၇)ရက်နေ့မှ ယနေ့ ဇူလိုင် ၁၅ ရက်နေ့အထိ သံသယရှိသူ(၄၄၅)ဦး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ပိုးတွေ့လူနာ ပေါင်း(၁၀၉) ဦး ရှိသည့်အနက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ(၅၉)ဦးရှိပြီး သေဆုံးသူ(၂)ဦးရှိ ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။