ချင်းပြည်နယ်

တီတိန်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများ လျာထားစာရင်း ကောက်ယူ

ချင်းပြည်နယ်၊ တီးတိန်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် အထက်တန်းအဆင့်နှင့် အလယ်တန်းဆင့်တွင် တက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရမည့် စာရင်းကို ပညာရေးဌာနက ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ၉ ဦးထပ်မံ‌တွေ့ရှိ၊ ၁ ဦး သေဆုံး၊ ၅ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၉ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁ ဦးသေဆုံးကာ ၅ ဦး ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။  

ချင်းပြည်နယ်၊ ဟားခါးမြို့အား Lock down သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်တက်ရောက်

ချင်းပြည်နယ်၊ ဟားခါးမြို့အား ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းကျဆင်းလာရေးအတွက် Lock down သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အသင်းတော် အသီးသီးမှ သိက္ခာတော်ရ ဆရာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရေးအမည်စာရင်းပေးသွင်းရန်အသိ ပေးနှိုးဆော်

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်း သား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအမည်စာရင်း ပေးသွင်းကြရန် အသိပေးနှိုးဆော်ခြင်းကို ယနေ့ တွင်ဘ ဖလမ်းမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ကြောင်း သိရသည်။

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူ၆၅ ဦးတို့အား ရောဂါစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ ၂ ဦးရှိ

ချင်းပြည်နယ်၊ရိခေါ်ဒါရ်မြို့ကျန်းမာရေးဌာနနှင့်ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊Volunteerအဖွဲ့များပူးပေါင်းပြီးမြို့ပေါ်ရပ်ကွက်အတွင်းကိုဗစ်-၁၉ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးမှုကို အောက်တိုဘာ ၁၁ ရက်၌ ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၂ ဦးရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ကြိုက်စျေးမရသော်လည်း စျေးကွက်မပျက်သော ငှက်ပျော

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ထင်းဇင်ရွာသစ်ကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးသည်သာ ဒေသခံများအတွက်အ ဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သည်။ ကျန်သည့်ဥယာဉ် ခြံမြေစိုက်ပျိုးခြင်းကို စီးပွားဖြစ်လုပ်ကိုင်သူ မရှိသလောက်သာဖြစ်သည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ၈၆ ဦးတို့အား ရောဂါစစ်ဆေးခဲ့ရာရောဂါပိုးတွေ့ ရှိသူ ၄ ဦးရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်း ပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးမှုကို ယနေ့တွင် ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူ ၄ ဦးရှိကြောင်း ကျန်းမာရေးဌာနမှသိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။
Subscribe to ချင်းပြည်နယ်