အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရေးအမည်စာရင်းပေးသွင်းရန်အသိ ပေးနှိုးဆော်

ဖလမ်း အောက်တိုဘာ ၁၃

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်း သား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအမည်စာရင်း ပေးသွင်းကြရန် အသိပေးနှိုးဆော်ခြင်းကို ယနေ့ တွင်ဘ ဖလမ်းမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ကြောင်း သိရသည်။

အသိပေးနှိုးဆော်ရာတွင် အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် မိမိတို့ တက်ရောက်သည့် ကျောင်းအသီးသီးသို့ မိဘအုပ်ထိန်းသူများ ကိုယ်တိုင် ၁၃.၁၀.၂၀၂၁ရက်နေ့မှ ၁၄.၁၀.၂၀၂၁ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်းစာရင်းပေးသွင်းကြရန် လှည့်လည် အသိပေးနှိုးဆော်ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့အသိပေးဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေး ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ် ကြောင်း သိရသည်။

ကိုရှိန်း