တီတိန်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများ လျာထားစာရင်း ကောက်ယူ

တီးတိန် အောက်တိုဘာ ၁၅

ချင်းပြည်နယ်၊ တီးတိန်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် အထက်တန်းအဆင့်နှင့် အလယ်တန်းဆင့်တွင် တက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရမည့် စာရင်းကို ပညာရေးဌာနက ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ စာရင်းကောက်ယူရာတွင် တီးတိန်မြို့အထက(၁)၊ အထက(၂)၊ မြို့မအထက်တန်းကျောင်းခွဲ၊ လွယ်ဘွာလ်အထက်တန်းကျောင်းခွဲ၊ မြို့မအလယ်တန်းကျောင်းခွဲများတွင် တက်ရောက်မည့် အလယ်တန်းအဆင့် ကျောင်းသား(၃၈၀)ဦး၊ ကျောင်းသူ(၄၂၈)ဦး၊ စုစုပေါင်း(၈၀၈)ဦး၊ အထက်တန်းအဆင့် ကျောင်းသား(၄၇၉)ဦး၊ ကျောင်းသူ(၇၁၇)ဦးစုစုပေါင်း (၁၁၉၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။