ဟားခါးမြို့နယ်တွင် သတင်းထုတ်ပြန်မှုများအား သိရှိနိုင်ရန် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်
အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။