ချင်းပြည်နယ်

ဟားခါးမြို့၌ ပြည်သူ ၄၂၆၈ ဦးက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးထိုးနှံသည့် ဇန်နဝါရီလ ၅ ရက်နေ့အထိ ပြည်သူ ၄၂၆၈ ဦးက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။

ဟားခါးမြို့ရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသည့် ဒုတိယမြောက်နေ့အထိ ပြည်သူ ၃၃၄၃ ဦး လာရောက်ထိုးနှံ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် ဒုတိယ မြောက်နေ့ဖြစ်သည့် ယမန်နေ့အထိ First Dose ထိုးနှံသူ ၆၆၆ ဦး၊ Second Dose ထိုးနှံသူ ၂၃၃၉ ဦးနှင့် Booster ထိုးနှံသူ ၃၃၈ ဦး ပေါင်း ၃၃၄၃ ဦးက လာရောက် ထိုးနှံနေပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်နိုင်ရေး ပဏာမစိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအ နားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ် ချီး မြှင့်နိုင်ရေး ပဏာမစိစစ်နိုင်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားနှင့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာ စကား ပြောကြားခဲ့သည်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

ဟားခါးမြို့တွင် လူအင်အား(၁၇၀)ခန့်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းတည့် ၁ နာရီမှ ၁ နာရီ ၄၅ နာရီအထိ လူအင်အား (၁၇၀)ခန့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့တပ်မတော်၏ လက်ရှိဆောင်ရွက် ချက်များအပေါ် ထောက်ခံပြီး CRPH၊ NUG ၊ CDF တို့၏အကြမ်းဖက်လုပ်ရပ်များအား ရှုံ့ချကြောင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် ဈေးနှင့်အိမ်ဆိုင်များ ပုံမှန်ဖွင့်လှစ်ပြီး နာရီစင်လမ်းဆုံနှင့် ရာလ်ဒွန်းဈေးရှေ့တွင် အိမ်ထောင်စု(၁)စုလျှင် ဆန်(၃)ပြည်နှုန်းဝေငှ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ မြို့မဈေး၊ ရာလ်ဒွန်းဈေးနှင့် အိမ်ဆိုင်များကို ပုံမှန်ဖွင့်လှစ်လျက်ရှိပြီး နာရီစင်လမ်းဆုံနှင့် ရာလ်ဒွန်းဈေးရှေ့၌ နံနက် ၁၀ နာရီတွင်  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့က လမ်းသွားလမ်းလာပြည်သူများအား  အိမ်ထောင်စု(၁)စုလျှင် ဆန်(၃)ပြည်နှုန်း ဖြင့် ဝေငှပေးလျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့နယ်ရှိ ပြည်သူ ၄၁၅ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၃၈ ဦးတွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်းဦးဆောင်၍ ဇန်နဝါရီလ ၂၀၊ ၂၉ နှင့် ၃၀ ရက်နေ့များတွင် ဟားခါးမြို့နယ်ရှိ ကျေးရွာသုံးရွာမှ ပြည်သူ ၃၇၂ ဦး၊ ဟားခါးမြို့ပေါ်ရှိ ပြည်သူ   ၄၃ ဦး၊ ပေါင်း ၄၁၅ ဦးကို  Test Kit ဖြင့် စစ်ဆေးရာ ၃၈ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် နှစ်ပေါင်း ၄၂ နှစ်အတွင်း အနှိမ့်ဆုံးအပူချိန်အဖြစ် အနုတ် ၆ ဒဿမ သုညဒီဂရီ စင်တီဂရိတ်ရောက်ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်၌ အနှိမ့်ဆုံးအပူချိန် အနုတ် ၆ ဒဿမ သုည ဒီဂရီ စင်တီဂရိတ်ရောက်ရှိပြီး ၁၉၈၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်ပေါင်း ၄၂ နှစ်အတွင်း ဇန်နဝါရီလအတွက် အနှိမ့်ဆုံးအပူချိန် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း ဟားခါးမြို့၊ ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
Subscribe to ချင်းပြည်နယ်