မူးယစ်ဆေးဝါးလျော့နည်းပပျောက်ရေးစေအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် သိန်း ၆၀ ဖြင့် တီးတိန် မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ဝင်ငွေနည်းပါး၍ မွေးမြူရေး စိတ်ပါဝင်စားသော အိမ်‌ထောင်စု (၆၀)စုအား‌ မွေးမြူရေး ဝက်တစ်ကောင် နှုန်း ထောက်ပံ့

 ဟားခါး      ဇန်နဝါရီ    ၂၂

ချင်းပြည်နယ်အတွင်း၌ မူးယစ်ဆေးဝါးလျော့နည်း ပပျောက်စေရေးစေအတွက် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် သိန်း ၆၀ ဖြင့် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ဝင်ငွေနည်းပါး၍ မွေးမြူရေးစိတ်ပါဝင်စားသော အိမ်‌ထောင်စု (၆၀)စုအား အိမ်ထောင်စု (၁)စုလျှင် မွေးမြူရေး ဝက်တစ်ကောင်နှုန်းဖြင့် ဝက် (၆၀)ကောင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။  

အဆိုပါမွေးမြူရေးဝက်များကို သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံ များနှင့် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံတို့က ဝင်ငွေနည်းပါးပြီး မွေးမြူရေး စိတ်ဝင်စားသည့် အိမ်ထောင်စုများကို စိစစ်ရွေးချယ်ရခြင်းဖြစ်ပြီး တီးတိန်မြို့နယ်၊ ဟောက်ပီး ကျေးရွာအုပ်စု၊ တွောင်ဒုံကျေးရွာ၌ အိမ်ထောင်စု (၃၀) အတွက် ကျပ်သိန်း ၃၀ တန်ဖိုးရှိ ဝက်ထီး(၃) ကောင်နှင့် ဝက်မ(၂၇)ကောင်၊ ပေါင်း (၃၀) ကောင်အား ဇန်နဝါရီလ ၃ ရက်နေ့တွင် လည်းကောင်း၊ တွန်းဇံမြို့နယ် ဂမ်ပုမ်းကျေးရွာအုပ်စု၊ ဘွောင်မွာလ်ကျေးရွာ၌ အိမ်ထောင်စု (၃၀) အတွက် ကျပ်သိန်း ၃၀ တန်ဖိုးရှိ ဝက်ထီး(၁၂) ကောင်နှင့် ဝက်မ(၁၈)ကောင်၊ ပေါင်း (၃၀) ကောင်အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လည်းကောင်း သက်ဆိုင်ရာ  မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ခံများက သက်ဆိုင်ရာ အိမ်ထောင်စုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အမ်းအင်းလမ်း