ဟားခါးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်

ဟားခါး ဇန်နဝါရီလ ၁၉

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည် ၁ နာရီခွဲက စာရေးဆရာဖေမြင့်၏ နှလုံးသားအာဟာရ(ရသစာများ)စာလုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းပြုလုပ်ရာတွင် ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်ဝိုင်းပြုလုပ်ရာတွင် ရရှိသည့် အကျိုးကျေးဇူးများကို ပြောကြားခဲ့ပြီး စာဖတ်ဝိုင်း၌ ပါဝင်လာသူများက ဆရာဖေမြင့်၏ နှလုံးသားအာဟာရ(ရသစာများ)စာအုပ်ဖတ်ရှုခြင်းမှ ရရှိလာသည့်အတွေးသစ် အမြင်သစ်များနှင့် ဗဟုသုတများ ကို တစ်ဦးခြင်းစီ ဖတ်ကြားဆွေးနွေးကာ စာအုပ်အပေါ် ရရှိခံစားသည့်အတွေးအမြင်များကို ဖလှယ်ခဲ့ ကြကြောင်း သိရသည်။

(မောင်ထက်လင်း)