ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ဟားခါး    ဇန်နဝါရီ   ၂၇

အကြမ်းဖက်အဖွဲ့အစည်းများမှ Silent Strike (အသံတိတ်သပိတ်) ပြုလုပ်ရန် ထုတ်ပြန်ထားမှုနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အသိပေးရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်၍ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက ဇန်နဝါရီလ ၂၅ ရက် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည့် နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုများနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အပေါ် လိုက်ပါဆောင်ရွက်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပြောကြားချက်များကို ထပ်ဆင့်ရှင်းလင်းရာ ယခုအခါ အကြမ်းဖက် အုပ်စုများဖြစ်သည့် CRPH, NUG နှင့် ယင်းတို့၏ လက်အောက်အဖွဲ့အစည်းများ ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်း လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လှုံ့ဆော်မှုများ၊ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းသို့ လှုံ့ဆော်မှု များအပေါ်ပြည်သူလူထုများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူသိရှိစေနိုင်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါ ကြောင်း၊ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH, NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတည်ငြိမ်အေး ချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါကြောင်း၊ ပြည်သူများအနေ ဖြင့်ယင်းတို့၏လှုံ့ဆော်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊အများပြည်သူအနှောင့် အယှက်ဖြစ်စေသည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်း များပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄−က နှင့် ပုဒ်မ ၅၀၅−က အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါကြောင်း၊ ထို့အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ပါကြောင်း၊ သို့ဖြစ်၍ ပြည်သူများ အနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသူလူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုလုပ်ကြ ရန်နှင့်ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်သည်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိ သူများက ပြည်သူအားလုံးသိရှိစေရေး ဥပဒေစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ   လိုက်ပါဆောင်ရွက်သွားရန်   လိုအပ်ကြောင်းနှင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များအားဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပေါ် လေးလေး နက်နက်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံတော်သတင်းထုတ်ပြန် ရေးအဖွဲ့မှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်ဆောင်ရွက်မည့် အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းတို့က စည်ပင်သာယာစျေးများ၊ စျေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းများ ပုံမှန်ရုံးတက်ရန်၊ လိုအပ်သည့် ဒေသန္တရအမိန့်များ သက်ဆိုင်ရာဌာနများက ထုတ်ပြန်ရေး တို့နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်းသိရသည်။

ခရိုင် ( ပြန်/ဆက် )