ဟားခါးမြို့ရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသည့် ဒုတိယမြောက်နေ့အထိ ပြည်သူ ၃၃၄၃ ဦး လာရောက်ထိုးနှံ

ဟားခါး ဖေဖော်ဝါရီ ၅

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် ဒုတိယ မြောက်နေ့ဖြစ်သည့် ယမန်နေ့အထိ First Dose ထိုးနှံသူ ၆၆၆ ဦး၊ Second Dose ထိုးနှံသူ ၂၃၃၉ ဦးနှင့် Booster ထိုးနှံသူ ၃၃၈ ဦး ပေါင်း ၃၃၄၃ ဦးက လာရောက် ထိုးနှံနေပြီဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးကို ယမန်နေ့က စတင်ထိုးနှံခြင်း ဖြစ်ပြီး ယမန်နေ့က  First Dose  ၂၈၈ ဦး၊ Second Dose ၁၀၁၄ ဦးနှင့် Booster ၁၂၆ ဦး ပေါင်း ၁၄၂၈ ဦး၊ ဒုတိယမြောက်နေ့ဖြစ်သည့် ယနေ့တွင် First Dose ၃၇၈ ဦး၊ Second Dose ၁၃၂၅ ဦးနှင့် Booster ၂၁၂ ဦး ပေါင်း ၁၉၁၅ ဦး လာရောက် ထိုးနှံခြင်းဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့မှ ၅ ရက်အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသည့် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား Second Dose၊ ယခင် ၆ လကျော်ကာလအတွင်း COVID Shield ထိုးနှံပြီးသူများအား  Booster နှင့် တစ်ကြိမ်တစ်ခါမျှ ထိုးနှံခဲ့ဖူးခြင်း မရှိသေးသူများအား First Does ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(မောင်တက်လမ်း)