ဟားခါး ဖေဖော်ဝါရီ ၆
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးထိုးနှံသည့် ဇန်နဝါရီလ ၅ ရက်နေ့အထိ ပြည်သူ ၄၂၆၈ ဦးက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ ထိုးနှံခဲ့ပြီး First Dose ထိုးနှံသူ ၁၁၀၅ ဦး၊ Second Dose ထိုးနှံသူ ၂၆၈၇ ဦးနှင့် Booster ထိုးနှံသူ ၄၇၆ ဦး ပေါင်း ၄၂၆၈ ဦးက လာရောက်ထိုးနှံခဲ့ကြောင်း ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မောင်တက်လမ်း