တွန်းဇံမြို့နယ်၊ ကျီးခါးမြို့ တွီးဗိုင်ချောင်းရေကြီးမှုကြောင့် ကျွဲ၊ နွားသေဆုံးသည့် အိမ်ထောင်စု (၃)စုအတွက် ဒေသဝက် (၁၁)ကောင်နှင့် ထောက်ပံ့ငွေများပေးအပ်
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ တွီးဗိုင်ချောင်းရေကြီးမှုကြောင့် ကျွဲ၊ နွားသေဆုံးသည့် အိမ်ထောင်စု (၃)စုအတွက် ကျပ် ၁၁ သိန်းတန်ဖိုးရှိ ဒေသဝက် (၁၁) ကောင်နှင့် တိရစ္ဆာန်အစာဖိုး ၉၆၀၀၀၀/-အား သဘာဝသေးသင့် အိမ်ထောင်စုများထံသို့ ဩဂုတ်လ ၂၂ ရက်နေ့က ကျီခါးမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။