တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ တွီးဗိုင်ချောင်းရေကြီးမှုကြောင့် လမ်း၊ တံတား၊ လယ်ယာမြေများ ပျက်စီးမှုအား ပြန်လည်ကုစားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ တွီးဗိုင်ချောင်းရေကြီးမှုကြောင့် လမ်း၊ တံတား၊ လယ်ယာမြေများအား ပြန်လည်ကုစားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။