တွန်းဇံ ဩဂုတ် ၇
ချင်းပြည်နယ် တွန်းဇံမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများက တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံ ဝင်းပတ်ဝန်းကျင်၌ ယမန်နေ့နံနက် (၈:၀၀)နာရီအချိန် က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ စုစုပေါင်းအင်အား ၂၁၀ ဦးကျော် ခန့်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)