ချင်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဟားခါး သြဂုတ် ၅

ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။  

အစည်းအဝေးတွင်  ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၏ ၂၉−၁၂−၂၀၂၁ ရက်နေ့   ရုံးမိန့်အမှတ် (၃၉/၂၀၂၁)ဖြင့်  ချင်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီနှင့် လုပ်ငန်းဆပ် ကော်မတီ (၈)ခုအား ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဒေသနှင့် ကိုက်ညီမှုရှိသည့် ပြည်နယ်စီမံချက်နှင့် လုပ်ငန်းဆပ်ကော်မတီ တစ်ခုချင်း အလိုက် စီမံချက်များ ရေးဆွဲထားရှိပြီးဖြစ်ကြောင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် လျာထားပါကြောင်း၊ ကလေးအလုပ် သမားဖြစ်ရခြင်းမှာ မိဘအုပ်ထိန်းသူများ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ မိသားစုဝင် များ များပြား၍ စီးပွားရေးအဆင်မပြေခြင်း၊ ပညာဆုံးခန်းတိုင် သင်ကြားနိုင်ရေး အခက်အခဲများရှိခြင်းတို့ ကြောင့်ဖြစ်ပြီး ကလေးအလုပ်သမား ပပျောက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် ပြည်နယ်အတွင်း၌ အသေးစားစက်မှု လုပ်ငန်းများ၊ အသက် မွေးဝမ်းကြောင်း သင်တန်းများ၊ စက်ရုံ၊အလုပ်ရုံများ ပိုမိုဖွင့်လှစ်နိုင်ရန်လို ကြောင်း၊ လိုအပ်သည့် ဘဏ္ဍာရန်ပုံငွေ များကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ လျာထားလျက်ရှိပြီး ကော်မတီများမှ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် အစိုးရအဖွဲ့မှ လျာထားပေးသည့် ရန်ပုံငွေဖြင့် စီမံချက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် အမှာစကားပြောကြား သည်။

ဆက်လက်၍ ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဟုန်းကီးက ကလေးလုပ်သားအဓိပ္ပာယ် သတ်မှတ်ချက်၊ ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ အစည်းအဝေး ကျင်းပမှုနှင့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်မှု၊ ဆပ်ကော်မတီအလိုက် စီမံချက်တင်ပြမှု အခြေအနေ၊ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌသယံဇာတ ရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် တက်ရောက်လာကြသည့် ကော်မတီဝင်များက အကြံပြု ဖြည့်စွက်ဆွေးနွေး ကြပြီး ဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ချက်(၇)ရပ်ကို အတည်ပြုကြကာ ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။                                                                                                

ခရိုင် (ပြန်/ဆက်)