ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) သို့ တက်ရောက်

ဟားခါး သြဂုတ် ၂၄

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။  

အစည်းအဝေးတွင်  ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံတော်အကြီးအကဲက နိုင်ငံတော် သာယာဝပြောရေးနှင့် နိုင်ငံတော်စားနပ်ရိက္ခာ ပေါများရေး၊ အမျိုးသားရေးပန်းတိုင် နှစ်ရပ်ချမှတ် ပေးခဲ့ပါ ကြောင်း၊ ချင်းပြည်နယ်အတွင်းရှိ ပြည်သူတို့၏ လူမှုစီးပွားဘဝနှင့် စီးပွားရေး ပိုမိုထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ ကျပ်(၁၀) ဘီလီယံအား မတည်ပေးခဲ့ကြောင်း၊ ရရှိသည့် ရန်ပုံငွေများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လျင်မြန်စွာ တိုးတက်အောင်မြင်နိုင်သည့် (Quick Win) စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် မြစိမ်းရောင်စီမံကိန်း များတွင် အကျိုးရှိရှိအသုံးပြုနိုင်ရေးအတွက် စီမံချက်များ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အရင်းမပျောက် မတည်ငွေဖြစ်သည့်အတွက် ၎င်းငွေကို တိုးပွားအောင် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် စေတနာထား၍ ကြိုးစားဆောင်ရွက်ပေးကြရန် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ချင်းပြည်နယ်၏ ၂၀၂၂−၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို လည်းကောင်း၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက ချင်းပြည်နယ်၏ ၂၀၂၂−၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် မူလလျာထားချက်အပေါ် ပထမ(၄)လထိ အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှုအခြေအနေများကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို  အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)