တွန်းဇံမြို့နယ်၊ ကျီးခါးမြို့ တွီးဗိုင်ချောင်းရေကြီးမှုကြောင့် ကျွဲ၊ နွားသေဆုံးသည့် အိမ်ထောင်စု (၃)စုအတွက် ဒေသဝက် (၁၁)ကောင်နှင့် ထောက်ပံ့ငွေများပေးအပ်

ကျီခါး ဩဂုတ် ၂၄

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ တွီးဗိုင်ချောင်းရေကြီးမှုကြောင့် ကျွဲ၊ နွားသေဆုံးသည့် အိမ်ထောင်စု (၃)စုအတွက် ကျပ် ၁၁ သိန်းတန်ဖိုးရှိ ဒေသဝက် (၁၁) ကောင်နှင့် တိရစ္ဆာန်အစာဖိုး ၉၆၀၀၀၀/-အား သဘာဝသေးသင့် အိမ်ထောင်စုများထံသို့ ဩဂုတ်လ ၂၂ ရက်နေ့က ကျီခါးမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေသည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြစ်ပြီး ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းအချိန်တွင် ကျီးခါးမြို့ပတ်ဝန်းကျင်၌ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် တွီးဗိုင်ချောင်း ရေကြီးမှုဖြစ်ပွားပြီး ကျွဲ၊ နွား‌ သေဆုံးနေကြသည့် ကျီခါးမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးဝုန့်ခေါရှောင်အား ဒေသဝက် (၃)ကောင်နှင့် တိရစ္ဆာန် အစာဖိုး ၃၉၀၀၀၀/-ကျပ် ၊ ကန့်ဆောက်ကျေးရွာနေ ဦးခန့်ကပ်အား ဒေသဝက် (၃)ကောင်နှင့် တိရစ္ဆာန်အစာဖိုး ၂၁၀၀၀၀/- ကျပ်နှင့် ဦးသွန်းခန့်မန်အား ဒေသဝက် (၅)ကောင်နှင့် တိရစ္ဆာန် အစာဖိုး ၃၆၀၀၀၀/- ကျပ်၊ စုစုပေါင်း ဒေသဝက် (၁၁) ကောင်နှင့် တိရစ္ဆာန်အစာဖိုး ၉၆၀၀၀၀/-ကျပ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တက်လမ်း