ဟားခါး ဧပြီ ၂၉
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃) ကို ဧပြီလ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေး ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးက ယနေ့ ကျင်းပသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် (၄/၂၀၂၃)ကြိမ် မြောက်ဖြစ်ကြောင်း၊ တက်ရောက်လာသည့်ကော်မတီအဖွဲ့ဝင်များပေါ် ကျေးဇူး တင်ပါကြောင်း၊ စားသုံးသူရေးရာဌာနအနေဖြင့် လုပ်ငန်းများ တက်ကြွစွာဆောင်ရွက်သည်ကို တွေ့ရှိပါကြောင်း၊ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်သည့်အတွက် စားသုံးပြည်သူများအနေဖြင့် ကုန်ပစ္စည်းများ သုံးစွဲမှုပေါ် စိတ်ချမ်းသာရမည်ဖြစ်ကြောင်း၊ဆိုင်ရှင်များ၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကိုလည်း သဘောပေါက်သွားမည်ဖြစ်ကြောင်း၊ အခုလိုတစ်လတစ်ခါ ပြုလုပ်သည့်အစည်းအဝေးတွင် အားလုံးဝိုင်းဝန်းဆွေးနွေးပြီး အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်ပြီး ဆောင်ရွက်မည်ဆိုလျှင် အားလုံးအောင်မြင်သွားမှာဖြစ်ကြောင်း၊ ကော်မတီဝင်များ အနေဖြင့်လည်း အခက်အခဲများရှိရင် တင်ပြဆွေးနွေးပြီး မိမိအနေဖြင့် ကူညီနိုင်တာရှိရင် ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးလှမိုးနိုင်က ဧပြီလအတွင်း ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ၊ ယခင်အစည်း အဝေးဆုံးဖြတ်ချက်များကို ရှင်းလင်းဖတ်ကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်ကော်မတီအဖွဲ့ဝင်များက အသီးသီးဆွေးနွေး တင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်ထွန်းတောက်