ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ ပထမဆုံးအကြိမ် ဦးနှောက်အတွင်း အကျိတ်တည်သည့် အမျိုးသားလူနာတစ်ဦး ခွဲစိတ်မှုအောင်မြင်

ဟားခါး         ဧပြီ     ၁၉

ဟားခါးမြို့ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဇေယျာဦး ဦးဆောင်သည့်အဖွဲ့မှ ဦးနှောက်အတွင်း အကျိတ်တည်သည့် အသက် (၂၉)နှစ်ရှိ အမျိုးသားလူနာတစ်ဦးကို ဧပြီ ၃ ရက်နေ့တွင် ခွဲစိတ်ခဲ့ရာ ခွဲစိတ်မှုအောင်မြင်ခဲ့သည့် အတွက် ဟားခါးမြို့ ပြည်သူ့ဆေးရုံ၌ ပထမဆုံးအကြိမ် ဦးနှောက်အတွင်း အကျိတ်တည်ခြင်း ကို ခွဲစိတ်အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဦးနှောက်အတွင်း အကျိတ်တည်သည့် လူနာအား ဟားခါးမြို့ ပြည်သူ့ ဆေးရုံကြီးမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့မှ ဧပြီ ၃ ရက် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ (၄)နာရီကြာ ခွဲစိတ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

၎င်းလူနာသည် ယခုအခါ ကျန်းမာရေးကောင်းမွန်လျက်ရှိကာ မကြာမီဆေးရုံမှ ဆင်းနိုင်မည်ဖြစ်ကြောင်းနှင့် ၎င်းသည် ထန်တလန်မြို့နယ်မှ လာရောက်ဆေးကုသခြင်းဖြစ် ကြောင်း သိရသည်။

ဆလိုင်း( ဇလပ်မြေ)