တွန်းဇံမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်‌ ရေသဘင်ပွဲတော် အခမ်းအနားကျင်းပ

တွန်းဇံ ဧပြီ ၁၅

ချင်းပြည်နယ် တွန်းဇံမြို့တွင် ၁၃၈၄ ခုနှစ်မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်‌ရေသဘင် ပွဲတော်အခမ်းအနားကို ဧပြီလ (၁၄)ရက် မဟာသင်္ကြန်အကျနေ့ မွန်းလွှဲ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ၁၃၈၄ ခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်လှစ်ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အမှာစကားပြောကြားသည်။ ထို့နောက် ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေ‌နေစဉ် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မွှေးနံ့သာရေများဖြင့် ပက်ဖျန်း‌ပေးခဲ့ပြီး ယိမ်းအကအဖွဲ့များအား တစ်ဖွဲ့လျှင် ကျပ်ငါးသိန်းနှုန်းဖြင့် ဆုငွေများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်‌ရေ သဘင်ပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ် ချုပ်‌ရေးရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များ၊ စုစုပေါင်း(၁၁၅) ဦးခန့်တက်ရောက်ကာ ရေကစားကြပြီး တက်ရောက်သူများ အားလုံးကို မုန့်လုံးရေပေါ်နှင့်ကြာဇံဟင်းခါးတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဇိုဇွန်းပါလ်(ပြန်/ဆက်)