ဟားခါး မတ် ၃၁
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက် အမှာစကား ပြောကြား သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ယနေ့ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် (၃/၂၀၂၃) ကြိမ်မြောက် ဖြစ်ကြောင်း၊ စားသုံးသူရေးရာဌာနအနေဖြင့် စားသုံးသူ ပြည်သူများကို ဥပဒေဘောင်အတွင်းမှ ထိရောက်စွာ ကာကွယ်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးအသိ၊ သတိလိုက်နာရမည့် စည်းကမ်းများ၊ ကျင့်ဝတ်များ လူတိုင်း၊ အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် လိုက်နာရမည့် အခွင့်အရေး (၈)ချက်နှင့် တာဝန် (၄)ချက်သာ လိုက်နာမည်ဆိုပါက ကောင်းမွန်သာယာသည့် လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့် ရရှိကြမည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က မတ်လအတွင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များနှင့် အမှာစာ ၁၂ စောင်ကို ရှင်းလင်း ဖတ်ကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက အသီးသီးဆွေးနွေး တင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်နယ်စီးပွား ရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)