ချင်းပြည်နယ်

တွန်းဇံမြို့နယ်ရုံး Community Centre ခန်းမ၌ ဘက်စုံသုံးဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းပေး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မိသားစုအတွင်း စီးပွား‌ရေးတပိုင်တနိုင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဘက်စုံသုံးဆပ်ပြာ ရည်ပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က Community Center ခန်းမ၌ ပြုလုပ်သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေး

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက် ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကျောဘုတ်ဥယျာဉ်ရှိ ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

ဟားခါးမြို့၌ ဒီဇင်ဘာ(တတိယပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲပြုလုပ် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းအင်အား ၅၀၀ ဦးခန့် ပါဝင်ဆင်နွှဲ

ပြည်သူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဒီဇင်ဘာ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၆ နာရီခွဲက ချင်းပြည်နယ်၊ ဟားခါးမြို့၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်နိုင်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၅၀၀)ဦးခန့် ပါဝင်ဆင်နွှဲကြသည်။

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃)သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွှဲ ၁ နာရီခွဲက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)သို့ တက်ရောက်

ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

တီးတိန်မြို့၌ မွေးမြူရေးသင်တန်း ဖွင့်လှစ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မွေးမြူရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တီးတိန် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်၌ ပြုလုပ်သည်။

တီးတိန်မြို့၌ လူငယ်စကားဝိုင်း ပြုလုပ်

ချင်းပြည်နယ် တီးတိန်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးရေးအတွက် ရည်ရွယ်လျက် လူငယ်စကားဝိုင်းကို ဒီဇင်ဘာလ ၈ ရက် မွန်းလွဲ ၂ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တီးတိန်စံကိုက်ညီကျောင်းဆောင်၌ ပြုလုပ်သည်။

တွန်းဇံမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်အမှတ် အခမ်းအနားကျင်းပ

ချင်းပြည်နယ် တွန်းဇံမြို့တွင် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာ(၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

တီးတိန်မြို့၌(၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားပြုလုပ်ကျင်းပ

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို တီးတိန် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁) စံကိုက်ညီကျောင်းဆောင်တွင် ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ကျင်းပသည်။

ဟားခါးမြို့၌ ( ၁၀၃ ) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၁၀၃) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပသည်။
Subscribe to ချင်းပြည်နယ်