ဟားခါးမြို့၌ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဟားခါး ဇန်နဝါရီ ၃

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ် သဖြင့် ဖွဲ့စည်းထားသည့် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ အနေဖြင့်ချင်းပြည်နယ်၏ အလေးအနက်ထားဂုဏ်ပြုသည့် အခမ်းအနားဖြစ်သည့်အတွက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စု စိတ်ဓာတ်အရင်းခံဖြင့် မှန်ကန်သည့်ခံယူချက်များနှင့် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် အကြံ ကောင်း၊ ဉာဏ်ကောင်းများ ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြုံပြု တင်ပြပေးစေလိုကြောင်းဖြင့် အမှာ စကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုက ဆွေးနွေးတင်ပြပြီးနောက် ဆပ်ကော်မတီများဖြစ်ကြသည့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အောင်မြင်စွာကျင်းပနိုင်ရေး မုခ်ဦးဖွင့်ပွဲကျင်းပရေးကော်မတီ၊ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများချီးမြှင့်နိုင်ရေး ဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီ၊ ပြခန်းများကျင်းပရေးဆပ်ကော်မတီ၊ ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေးဆပ်ကော်မတီ၊ ချင်းရိုးရာအခမ်းအနားပြင်ဆင်ရေးနှင့် ဝတ်စားဆင်ယင်မှု ဆပ်ကော်မတီ၊ အရေးကြီးပုဂ္ဂိုလ်များ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ စာတမ်း၊ မှတ်တမ်းပြုစုရေးဆပ် ကော်မတီ၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာချ ထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ပြပွဲပြိုင်ပွဲများကျင်းပနိုင်ရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေး မှူးများက ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်းပြကြသည်။

ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် ပြည်နယ် ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်တို့က အကြုံပြု ဖြည့်စွက်ဆွေးနွေးကြပြီး (၇၆) နှစ်မြောက် ချင်းအမျိုး သားနေ့အောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)