တီးတိန်မြို့၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ
ချင်းပြည်တီးတိန်မြို့၌ လူငယ်များအသိပညာ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ မြို့မရပ်ကွက်တီးတိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။