တီးတိန် မေ ၂၈
ချင်းပြည်နယ်တီးတိန်မြို့၌ တီးတိန်ခရိုင်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်သည်။
ဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်ရခြင်းအကြောင်းအား ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မန်းငိုကျိန်က ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက အခမဲ့ထုတ်ပေးသော ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပုံနှိပ်များနှင့် စာရေးကိရိယာများအား ကျောင်းသား၊ ကျောင်းသူများထံသို့ ပေးအပ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)