ဟားခါး မေ ၂၉
၂၀၂၆−၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ မေ ၃၁ အထိ ပိတ်ရက်မရှိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ မေ ၂၈ နံနက် ၁၀ နာရီက ဟားခါးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းအပ်နှံမှုအား ချင်းပြည်နယ်၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးမှုနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်းသူများထံ တစ်ပါတည်းပေးအပ်မှုအား ချင်းပြည်နယ်၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် တာဝန်ရှိသူများသည် သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)