တီးတိန်မြို့၌ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူ

တီးတိန် မေ ၂၂

ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေးနေ့‌ဆောင်ပုဒ်ဖြစ်သော ”နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပိုစတာကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်မြို့နယ်ပညာရေးမှူးရုံး၊ မြို့မနာရီစင်လမ်းဆုံနှင့် လွယ်ဘွလ်းရိဒ်လမ်းခွဲများတွင် ယမန်နေ့မွန်းလွဲက‌ မြေစိုက်ပိုစတာ စိုက်ထူကြသည်။

ထိုသို့မြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက စိုက်ထူကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)