တီးတိန်မြို့၌ မဲရုံပုံစံပြသခြင်းနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသင်တန်းဖွင့်
ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံပုံစံပြသခြင်းနှင့် MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက် နံနက်၁၀နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်သည်။