Covid- 19 Relief Package (2) ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွန်းမံ) သင်တန်းဖွင့်

ကန်ပက်လက်      သြဂုတ်     ၁၇

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ပံ့ပိုးမှု၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ၏ ပူးပေါင်းမှုဖြင့် ဖွင့်လှစ်သော COVID-19 Relief Package (2) ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွန်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကန်ပက်လက်မြို့ အ.ထ.က (ဇလပ်ဝါ)ခန်းမ၌  ယနေ့နံနက် ၈ နာရီက ပြုလုပ်သည်။

အခမ်းအနားတွင် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ချင်းဇုန်) ဥက္ကဋ္ဌ ဦးရှိန်းဂေငိုင်းမှ အဖွင့်အမှာစကား ပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဟုန်းလိန်း က သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်ကို  ပြောကြားရာတွင် ချင်းပြည်နယ်အတွင်းရှိ ဟိုတယ်များ၌ တာဝန်ထမ်းဆောင်ရာတွင် အရည်အချင်းရှိစွာ ဝန်ဆောင်မှုပေးနိုင်ရန် နိုင်ငံတော်မှ ကူညီပံ့ပိုးမှုဖြင့် ၎င်းသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရရှိသည့်အခွင့်ရေးကို အကျိုးရှိရှိ အသုံးပြုကြရန် ပြောကြားသည်။

အဆိုပါသင်တန်းသို့  ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၄၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ  သြဂုတ် ၁၇ ရက်မှ ၃၁ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

သန်းမောင် (ပြန်  /ဆက်)