လိုင်လင်းပီမြို့၌ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်

လိုင်လင်းပီ  ဩဂုတ်  ၁၇

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့ပေါ်ရှိ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့်သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို မြို့တိုက်နယ်ဆေးရုံ၌ ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများမှ ယနေ့ နံနက် ၁၀ နာရီမှစ၍ စတင်ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့လုပ်ငန်း ဆောင်ရွက်ရာတွင် အသက်ငါးနှစ်အောက် ကလေးငယ်များအား အာဟာရချို့တဲ့မှု ရှိ/မရှိ လက်မောင်းပတ် တိုင်းပေးခြင်း၊ အရပ်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန် ပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးကြကြောင်းနှင့် ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေး ပေးကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်း၌ အမှတ်(၁)ရပ်ကွက်ရှိ (၅)နှစ်အောက် လေးငယ်များ စုစုပေါင်း ဦးရေ (၂၀၀)ကျော်ကို ဆောင်ရွက်ပေး ခဲ့ကြကြောင်းနှင့် လာမည့် (၁၈)ရက်နေ့တွင်လည်း အမှတ်(၂) ရပ်ကွက်ရှိ (၅)နှစ်အောက် ကလေးသူငယ် များကို အလားတူလုပ်ငန်းမျိုး ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကျေးလက် ကျန်းမာရေးဌာနမှ သိရသည်။

ယာကမ် (ပြန်/ဆက်)