ဟားခါး သြဂုတ် ၁၈
ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ပြည့်ပင်စင်ယူမည့် လက်ထောက် ညွှန်ကြားရေး မှူး ဦးဂိုဆွင်းခိုင်နှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများအား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက သက်ပြည့်ပင်စင်ခံစားမည့် တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဂိုဆွင်းခိုင ်အနေဖြင့် မိမိ မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဤဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆက်လက်ပူးပေါင်း၍ ပါဝင်ကူညီဆောင်ရွက် ပေးစေလိုကြောင်း၊ အခြားတိုင်းဒေသကြီး ပြည်နယ်များသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများ အနေဖြင့်လည်း မိမိတာဝန်ကျရာ နေရာဒေသများတွင် သမိုင်းကြောင်းကောင်းမွန်ရန်၊ ကောင်းမွန်သောစိတ် မွေးမြူ၍ အပြစ်ကင်းလွတ် စွာဖြင့် စနစ်တကျနေထိုင် လုပ်ကိုင်သွားကြရန်နှင့် ဦးစီးဌာနအပေါ် သစ္စာရှိရှိကြိုးစား လုပ်ဆောင်သွားကြရန်လိုကြောင်း ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက သက်ပြည့်ပင်စင်ခံစားမည့် တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးဂိုဆွင်းခိုင်နှင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိ ၄ ဦးတို့အားအမှတ်တရ ဂုဏ်ပြု လက်ဆောင်များကို ပေးအပ်ရာ သက်ဆိုင်ရာတို့က လက်ခံရယူခဲ့ကြပြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးဂိုဆွင်းခိုင်နှင့် ဦးစီးအရာရှိ ဦးလွင်မောင်မောင်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားသို့ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သက်ပြည့် ပင်စင်ယူမည့် လက်ထောက်ညွှန်ကြားရေးမှူး ဦးဂိုဆွင်းခိုင်နှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ကျော်စွာဟိန်း (ပြန်/ဆက်)