ကျီခါးမြို့၌ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များအား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချပွဲကျင်းပ

ကျီခါး  ဩဂုတ် ၂၁

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များအား ချိတ်ပိတ်တင်ဒါ စနစ်ဖြင့် လေလံရောင်းချပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က ကျီခါးမြို့စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါအရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များဖြစ်သည့် အမဲသားသတ်လိုင်စင်အား ကြမ်းခင်းဈေး (၈၅၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ ၀က်သားသတ်လိုင်စင်အား ကြမ်းခင်းဈေး (၇၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ မြို့တွင်းဘီးကောက် လိုင်စင်အား (၆၀၀၀၀) ကျပ်ဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးခဲ့ရာ လျှောက်လွှာတင်သွင်းသူများအနက်  အမဲသားသတ် လိုင်စင်အား အမှတ်(၂) ရပ်ကွက်နေ ဦးပေါင်လမ့်မန်မှ (၈၇၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ၀က်သားသတ်လိုင်စင်အား အမှတ်(၂) ရပ်ကွက်နေ ဦးထောင်ရှင်းမွင်မှ (၇၇၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ မြို့တွင်းဘီးကောက်လိုင်စင်အား အမှတ်(၂) ရပ်ကွက်နေ ဒေါ်မန်းဆန်ကျိန်မှ (၆၅၀၀၀) ကျပ်ဖြင့်လည်းကောင်း လေလံအောင်မြင်ခဲ့ကြပြီး လေလံအောင်မြင်သူများအနေဖြင့် တစ်ပတ်လျှင် အနည်းဆုံး သားသတ်ရမည်ဖြစ်ပြီး  မြို့တွင်း ဘီးကောက်လိုင်စင်ခွန်အား ကားကြီး (၂၀၀၀) ကျပ်၊ ကားလေး (၁၅၀၀) ကျပ်၊ အိမ်စီးကား (၁၀၀၀)ကျပ်၊ သုံးဘီးယာဉ် (၅၀၀) ကျပ်နှင့် မော်တော်ဆိုင်ကယ်အား (၂၀၀) ကျပ်နှုန်းတို့ဖြင့် အသီးသီး ကောက်ခံသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါသတ်မှတ်လိုင်စင်များသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ အထိ အကြုံး၀င်မည်ဖြစ်ကြောင်း သိရသည်။ 

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)