ဟားခါး စက်တင်ဘာ ၃
ချင်းပြည်နယ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်စေရေး ရည်ရွယ်၍ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ပေါ်ရှိ စတိုးဆိုင်များ၊ အိမ်သုံးပစ္စည်းရောင်းဆိုင်များတွင် ချင်းပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ချင်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင် ဦးဆောင်မှုသည့် ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ချင်းပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ချင်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင် ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တွင် ဟားခါးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မြင့်သိန်း၊ ဟားခါးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးလှချို၊ ဟားခါးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး မျိုးဝင်းလှိုင်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၄)ဟားခါး ဒုတိယရဲမှူးပန်းအောင်နှင့်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး နေရဲထွန်းတို့ ပါဝင်၍ ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွှဲ မရောက်ရှိစေရေး၊ သိုလှောင်ထားသိုမှု စနစ်ကောင်းမွန်မှုရှိစေရေးနှင့် ကျောင်းသား လူငယ်များအား အိမ်သုံးကော်များ အလွှဲသုံးမှုမရှိစေရေး တို့အတွက်ဟားခါးမြို့ပေါ်ရှိ စတိုးဆိုင်များ၊ အိမ်သုံးပစ္စည်း ရောင်းချလျက်ရှိသော ဆိုင်များအား ရှောင်တခင်စစ် ဆေးခြင်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရသည်။
ချင်းပြည်နယ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေး၊ သိုလှောင်ထားသိုမှု စနစ်ကောင်းမွန် မှုရှိစေရေးနှင့် ကျောင်းသားလူငယ်များအား အိမ်သုံးကော်များ အလွှဲသုံးမှု မရှိစေရေးအတွက် ချင်းပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့တို့မှ လစဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အောင်ခွီရှိန်း