တွန်းဇံ စက်တင်ဘာ ၂၁
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယနေ့ နံနက်(၉) နာရီခွဲအချိန်မှစတင်ပြီး လမ်းသွားလမ်းသာ ပြည်သူများအတွက် အန္တရာယ်ရှိနိုင်သော သစ်ပင်များ ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ တွန်းဇံမြို့၊ ခေါဝုန်/လေးဆန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ၊ မြေထိန်းနံရံအပေါ်ရှိ ခါတော်မှီပင်(၂)ပေ ပတ်လည်သည် လမ်းမပေါ်သို့ လဲကျမည့် အခြေအနေနှင့် လမ်းသွား လမ်းလာပြည်သူများနှင့် မော်တော်ယာဉ် များအတွက် အန္တရာယ်ရှိသောကြောင့် တွန်းဇံမြို့ သန္ဓေ မီးသတ်တပ်ဖွဲဝင်များက ၎င်းသစ်ပင်ကို ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုနောက် တွန်းဇံမြို့ရှောင်လမ်းနှင့် အမှတ်(၂)လမ်းကြားတွင် မိုးရွာသွင်းမှုကြောင့် မြေပြိုကျခြင်းနှင့် သစ်ပင် လဲကျခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး လမ်းသွားလမ်းလာပြည်သူများနှင့် မော်တော်ယာဉ်များအတွက် အန္တရာယ် ရှိသောကြောင့် သစ်ပင်အားရှင်းလင်း ဖယ်ရှားခဲ့ကြောင်းနှင့် အဆိုပါလမ်းကြားတွင် ဆက်လက်လဲကျ နိုင်သည့်သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)