ချီဖွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာစားများအား ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပင်စင်လစာ ထုတ်ပေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်လစာစားများအတွက် ပင်စင်များကို ဇန်နဝါရီလ ၂၁ ရက် နံနက် ၉ နာရီမှ စတင်၍ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ချက်များနှင့် အညီ ထုတ်ပေးလျက်ရှိ ကြောင်းသိရသည်။