ချင်းပြည်နယ်

ထန်တလန်မြို့တွင် မီးဘေးလုံခြုံရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ခြောက်သွေ့ရာသီ ရောက်ရှိပြီဖြစ်သဖြင့် မီးဘေးလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်မီးသတ် ဦးစီးမှူး ဦးရွှေကျုံးလျန် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် စက်သုံးဆီ အရောင်းဆိုင်များတွင် သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ ဘတ်ဂျက်မှ သန်း(၁၀၀)အထက် လုပ်ငန်းတင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ လုပ်ငန်းစတင်ဆောင်ရွက်

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း ၁၀၀ အထက် လုပ်ငန်းများဖြစ်သည့် လမ်းမကြီးကတ္တရာခင်းခြင်းနှင့် မီးသတ်ရုံးနှင့် လျှပ်စစ်ရုံး သွားလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း ၁၀၀ အထက် လုပ်ငန်းများဖြစ်သည့် လမ်းမကြီးကတ္တရာခင်းခြင်းနှင့် မီးသတ်ရုံးနှင့် လျှပ်စစ်ရုံး သွားလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ခိုင်ကမ်းမြို့၌ ညမထွက်ရအမိန့် ကာလထပ်မံတိုးမြှင့်

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မြို့နေမိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု မရှိစေရေး မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ယမန်နေ့တွင် တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁)အရ ညမထွက်ရအမိန့်ကို ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေး စီမံချက်(Mask Campaign) အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်

ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign) ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တီးတိန်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး အသစ် ရွေးချယ်ရာ၌ ကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းခြင်းဆိုင်ရာ ကွင်းဆင်း ရှင်းလင်း ဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအသစ် ရွေးချယ်ရာ၌ ကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းခြင်းဆိုင်ရာများ ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့က ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးမင်းကျော်နှင့် တာဝန်ရှိသူတို့က တီးတိန်မြို့၊လေးလုမ်းရပ်ကွက်နှင့် မြို့မရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

မတူပီမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ချင်းပြည်နယ်၊ မတူပီမြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်ရေး ဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်သား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါ သင်တန်းကျောင်းအတွင်း၌ ပြုလုပ်သည်။

ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ် ထပ်ဆင့် ရှင်းလင်းခြင်း တွန်းဇံမြို့၌ ကျင်းပ

ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ် ထပ်ဆင့်ရှင်းလင်းခြင်း ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

တီးတိန်မြို့ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၂)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၂၂)ဦးတို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်