ရေဇွာမြို့၌ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ (နည်းဥပဒေ) များနှင့် ကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းခြင်းဆိုင်ရာများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်စိုးမှ အသိ ပညာပေးရှင်း လင်းဆွေးနွေး

ရေဇွာ      ဇန်နဝါရီ      ၂၃

ချင်းပြည်နယ်၊ရေဇွာမြို့၌ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်မှူးအသစ် ပြန်လည်ရွေးချယ်နိုင်ရေးအတွက်ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးဆိုင်ရာနည်းဥပဒေများအသိပညာပေးရှင်းလင်းပွဲနှင့်သင်တန်းပို့ချခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရေဇွာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရေဇွာမြို့ရပ်ကွက်(၄)ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ရာအိမ်မှူးများနှင့်ကျေးရွာအုပ်စု(၁၀)အုပ်စုမှ စာရေးဝန်ထမ်း များ နှင့်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ ကြသည်။

ယင်းနောက်ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်စိုးက ရှင်းလင်းဆွေးနွေးရာတွင် ကြီး ကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းခြင်းဆိုင်ရာများနှင့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဆိုင်ရာဥပဒေ၊နည်းဥပဒေများနှင့်အညီ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများနှင့် ကျေးရွာတာဝန်ခံများ ရွေးချယ်နိုင်ရန်အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးဆိုင်ရာဥပဒေ၊နည်းဥပဒေများကို (Power Point) ဖြင့် သေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသူများက မိမိသိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းခဲ့ကြရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်စိုးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)