မင်းတပ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

မင်းတပ်  ဇန်နဝါရီ   ၂၃

မင်းတပ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးရှေ့၌ကျင်းပရာ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် မင်းတပ်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

မင်းတပ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၇၄ ဒသမ ၃၀၄)ဖြင့် မြို့မဂုဏ်ဆောင် ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)