ဖလမ်း ဇန်နဝါရီ ၂၂
မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး(Talk Show )ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။
ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင် ဦးစီးအရာရှိ ဦးရှိန်းတမ် က ဦးဆောင်ဆွေးနွေးကာ ဖလမ်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဉမ္မာဆွေ နှင့် ဧဒင် မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ ဖလမ်းတာဝန်ခံ ဒေါ်ဇိုန်းဟွေး တို့က မသန်စွမ်းသူများအခွင့်အရေးနှင့်ပတ်သက်ပြီး အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးမှု ဗီဒီယိုအပြည့်အစုံကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး Facebook Page ဖြစ်သည့် IPRD Falam နှင့် ဖလမ်းခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page များတွင် ပြည်သူများအလွယ်တကူ လေ့လာကြည့်ရှုနိုင်ရန် ထုတ်လွှင့်ပေး မည်ဖြစ်ကြောင်းသိရသည်။
ဂျွန်