လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောက်တိုဘာလ ပထမနှစ်ဝက် စာမေးပွဲများအေးချမ်းစွာဖြေဆို
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောက်တိုဘာလ တတ်မြောက်မှုစစ်ဆေးခြင်း ပထမနှစ်ဝက်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-4 မှ Grade-12 အထိ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ ယနေ့နံနက် ၉ နာရီအချိန်က ဒုတိယနေ့အဖြစ် ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။