လိပ်သို အောက်တိုဘာ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောက်တိုဘာလ တတ်မြောက်မှုစစ်ဆေးခြင်း ပထမနှစ်ဝက်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-4 မှ Grade-12 အထိ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ ယနေ့နံနက် ၉ နာရီအချိန်က ဒုတိယနေ့အဖြစ် ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိပြီး တစ်နေ့လျှင်တစ်ဘာသာဖြင့် မူလတန်းအထက်ဆင့်တွင် Grade-4 အတန်းမှ ပေးမှတ်(၂၅) မှတ်အတွက် (၄၅) မိနစ်မေးခွန်းလွှာကိုလည်းကောင်း၊ Grade-5 အတန်းမှ ပေးမှတ် (၅၀) မှတ်အတွက် (၁)နာရီ မေးခွန်းလွှာကိုလည်းကောင်း၊ အလယ်တန်းအဆင့် Grade- (6,7, 8,9) အတန်းတို့မှ ပေးမှတ် (၅၀) မှတ်အတွက် (၁)နာရီ မေးခွန်းလွှာကိုလည်းကောင်း၊ အထက်တန်းအဆင့်တွင် ပေးမှတ် (၁၀၀) မှတ်အတွက် Grade-10 နှင့် Grade-11 တို့က (၂) နာရီ မေးခွန်းလွှာနှင့် Grade-12 အတန်းမှ ပေးမှတ် (၁၀၀) မှတ်အတွက် (၃) နာရီ မေးခွန်းလွှာတို့ကို အသီးသီးဖြေဆိုလျက်ရှိကြသည်။
စာမေးပွဲများကို အခြေခံပညာဉီးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအဆင့်အလိုက် တတ်မြောက်မှု စစ်ဆေးရန် ဖြေဆိုချိန်နှင့် ပေးမှတ်သတ်မှတ်ချက်များအတိုင်း တာဝန်ရှိသူအသီးသီးက တိကျစွာ စည်းကမ်းတကျ လိုက်နာ၍ ကျင်းပပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးစီးရေးအတွက် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)