ကေ့ာကရိတ် အောက်တိုဘာ ၁၆
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်၌ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယကြိမ်လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီချိန်က ကေ့ာကရိတ်မြို့ မြို့နယ်ခန်းမတွင်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဘိုးဘွားများတို့၏လက်ထဲသို့ ထောက်ပံ့ငွေများရောက်ရှိ အောင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးစေရေး စသည် ဖြင့်အမှာစကားပြောကြားသည်။
ထို့နောက် လူမှူရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများမှ ပေးအပ်ရာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာတာဝန်ရှိသူများက လက်ခံရယူကြသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကေ့ာကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့အတွင်းရှိ မြို့ပေါ် ရပ်ကွက်(၁၁)ခု၊ ကျေးရွာ(၄၃)ရွာရှိ ဘိုးဘွား(၁၀၂၄)ဦးအား တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ကျပ်(၃၀၇၂၀၀၀၀ိ/)တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)